မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။

   မုံရွာမြို့နယ်၌ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများမှာ အရည်အသွေးအပေါ်မူတည်၍ ဧပြီလ(ဒုတိယပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀-၇၀၀၀) ဖြင့်လည်းကောင်း၊ ဧပြီလ(တတိယပတ်)တွင် ငွေကျပ်(၇၀၀၀-၁၀၀၀၀)ဖြင့်လည်းကောင်း၊ ဧပြီလ (စတုတ္ထပတ်)တွင် ငွေကျပ် (၅၀၀၀-၆၀၀၀)ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ နွေရာသီတွင် ကွမ်းအထွက်နှုန်းတိုးသော်လည်း ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ  ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းခြင်း၊ နှစ်သစ်ကူးသင်္ကြန်ကာလတွင်းနှင့် သင်္ကြန်အပြီးကာလများတွင်  ဈေးကွက်ဝယ်လိုအားများခြင်းတို့ကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)