ရေနံချောင်းမြို့၌ သင်္ကြန်ရုံးပိတ်ရက်အပြီး ဆန်စျေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၌ စလင်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့တို့မှ ဆန်များဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    (၂၃.၄.၂၀၂၄)ရက်နေ့အတွင်း အရောင်းအဝယ်ဖြစ်သော ဆန်စျေးနှုန်းများမှာ ဧရာပဒေသာ ကျွန်းနီ(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ကျွန်းဝါ(၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ လေယာဉ်ပေါ်ဆန်း(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ မြောင်းမြ(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ရက်(၉၀)(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ဆလပ်ကြီး (ဟောင်း) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ဆလပ်ကြီး(သစ်) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၈၅၀၀၀)၊ ဆလပ်သေး(ဟောင်း) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ဆလပ်သေး(သစ်) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၆၈၀၀၀)၊ ဝမ်းတွင်းသုခ(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ သီးထပ် (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)စျေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက သင်္ကြန်ရုံးပိတ်ရက်အပြီးတွင် ဆန်တစ်အိတ်လျှင် ကျပ်(၅၀၀၀)ခန့် စျေး တက်လာကြောင်း၊  သယ်ယူစရိတ်များ မြင့်တက်လာ၍ဖြစ်ကြောင်း ဆန်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)