ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှု‌လျော့ချရေး Campaignအား  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ပြီး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

   (၂၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၌လည်းကောင်း၊ ချောက်ခရိုင်၊ ချောက်မြို့မဈေး၌လည်းကောင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး Campaign အား စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဈေးကော်မတီများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးဝယ်လာသူများအား ပလတ်စတစ်အစား စက္ကူအိတ်၊ အင်ဖက်များနှင့် အစားထိုးလဲလှယ်ပေးခြင်းဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအနေဖြင့် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ထားသဖြင့် ပလတ်စတစ်အိတ်များအသုံးမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ၊ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)