အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်း ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့်မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူ ရောင်းချပြီး နှပ်ဆေးနှင့် ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

      မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိ ပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ကွမ်းရွက်ဝါ (၁)ပိဿာလျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၂၀၀၀-၂၀၀၀၀)၊ ကွမ်းသီး ခြမ်း (၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ကွမ်းသီးစိပ် (၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ ကွမ်းစားထုံး (၁) လီတာ (၁)ဘူးလျှင် ကျပ်(၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး (၁) ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန်(၁၀)ပိဿာနှင့်အထက် ရောင်းချရ ပြီး ကွမ်းသီး၊ ကွမ်းစိပ် မှာ(၅)ပိဿာမှ (၆)ပိဿာထိ ပုံမှန်ရောင်းချရကြောင်း၊ ကွမ်းသီးနှင့် အခြားကွမ်း ပစ္စည်းဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ သင်္ကြန်ရက်ကာလတွင် ကုန်ကားမထွက်သည့်အတွက် ဝယ်ယူထားသော ကွမ်းလက်ကျန်များကိုသာ ရောင်းချရသောကြောင့် ဈေးနှုန်းမှာ ဧပြီလ(ဒုတိယပတ်)ထက် စတုတ္ထပတ်တွင် ကျပ်(၅၀၀၀-၁၁၀၀၀)ဈေးတက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)