သိမ်ဖြူ အိမ်သုံးဂတ်စ်ဖြန့်ဖြူးရေးလုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကိုသိရှိနိုင်ရန် ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် ၂၃.၄.၂၀၂၄ ရက်နေ့ နေ့လယ် ၁၅:၃၀ နာရီတွင် အရှေ့ဒဂုံစက်မှုဇုန်၊ အမှတ်(၁၆၀)၊ ဦးမြူးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ သိမ်ဖြူ အိမ်သုံးဂတ်စ်ဖြန့်ဖြူး‌ရေးလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလုပ်ငန်းသည် COVID Third Wave ကာလတွင် ကုန်ကြမ်းမရ၍ ယာယီရပ်နားထားခဲ့ပြီး ယခုအခါ ကရိန်းဝန်ဆောင်မှုလုပ်ငန်းအား ငှားရမ်းထားကြောင်း စက်မှုဇုန်ကော်မတီရုံးမှ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)