စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအား တနင်္သာရီတိုင်းဒေသကြီးမှ တက်‌ရောက်

Powered by Drupal

        ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဝန်ထမ်းများနှင့်တွေဆုံပွဲအား  တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်/ကော့သောင်းခရိုင်မှဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဝန်ကြီး၏ လမ်းညွှန်မှုများကို ခံယူခဲ့ပါသည်။

         တွေ့ဆုံပွဲတွင် ဝန်ကြီးမှ နှစ်သစ်အခါ၌ ဝန်ထမ်းများအား အားသစ်၊ မာန်သစ်၊ စွမ်းအား သစ်များဖြင့်  အားအပြည့်၊  မာန်အပြည့်၊  စွမ်းအားအပြည့်ဆောင်ရွက်ကြရန်၊   စားသုံးသူရေးရာ လုပ်ငန်းတာဝန်  (၁၀)  ချက်ကို   လိုက်နာ‌ဆောင်ရွက်ရန်၊   ခေါင်းဆောင်ကောင်း/  နောက်လိုက် ကောင်းများအဖြစ်  ဆောင်ရွက်ရန်၊   စည်းကမ်းများအား ပေါင်းထည့်၍   လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုဝန်ကြီး၊ အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များမှ ဝန်ထမ်းများအား    နှစ်သစ်လမ်းညွှန်မှာကြားချက်များကို အသီးသီးပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား နေ့လယ် (၁၂း၀၀) အချိန် တွင်ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)