ပြည်မရမ်းသီးမှည့် ယိုသမားများတွက်ခြေကိုက်

Powered by Drupal

    ပြည်ဈေးကွက်အတွင်းသို့ ပြည်မြို့အနီးတဝိုက်ရှိ ပျဉ်းပင်ကိုင်းရွာ၊ ဇီးအုပ်ရွာ၊ နတ်တလင်းရွာ၊ အနောက်လက်ခုပ်ပင်ရွာ၊ ဖိုးခေါင်ရွာနှင့် ရွှေတောင်မြို့နယ်တို့ဘက်မှ ယခုမတ်လဆန်းမှစ၍ မရမ်းသီးမှည့်များ စတင်ဝင်ရောက်မှုရှိလာပြီး အချိုသက်သက်အရသာနှင့် ချိုချဉ်အရသာရှိသည့် မရမ်းသီးမှည့်များသာ ဈေးကွက်ဝင်၍ အဝယ်လိုက်ကြောင်း သိရသည်။ ယိုစုံလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်အတွင်း မရမ်းသီးဒိုင်များမှ လက်ကားဈေးနှုန်းဖြင့် များများ ဝယ်ယူသိုလှောင်ပြီး ယိုထိုးရောင်းချကြောင်း သိရသည်။ မြို့ပေါ်ဈေးများသို့တစ်ပတ်လျှင် ရက်ခြား (၃)ကြိမ် ဝင်ရောက်ပြီး တစ်ကြိမ်ဝင်လျှင် အချိန် ၃၀/၄၀ခန့် ဝင်ရောက်မှုရှိနေသည်။ ဈေးနှုန်းမှာ မရမ်းသီး(ချိုချဉ်) တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၅၀၀၀ကျပ် တို့ရှိပြီး(အချို) သက်သက်မှာ ကျပ် ၈၀၀၀ဖြင့်ရောင်းချပြီး Online တွင် အလုံးချောအချိုတစ်ပိဿာကိုကျပ် ၁၀၀၀၀ထိ ရောင်းချလျက်ရှိ၍ ဒိုင်များရှိလက်ကားဈေးနှုန်းမှာ သောင်းပြောင်း တစ်ပိဿာကျပ် ၃၀၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)