မကွေးမြို့၊ မြို့မဈေးတွင် ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မဈေး၌ မြင်ခင်း၊ ချောင်းဖြူ၊ ဒဟက်ကန်၊ ကန်ပြား၊ ကံလှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ ရေထွက်ကုန်ပစ္စည်းများ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။

      ၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၉၀၀၀၀)၊ ငါးဘက်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀-၃၀၀၀၀) ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၉၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်( ၂၈၀၀၀-၃၂၀၀၀)၊ ငါးအုံးမဲ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်( ၆၀၀၀၀-၇၀၀၀၀) ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်( ၁၂၀၀၀-၁၆၀၀၀-၁၈၀၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးဘက်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငါးကြီး‌ခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးရံ့ခြောက်ပြား (၁)ပိဿာလျှင် ကျပ်(၂၀၀၀) ငါးရံ့လုံး (၁)ပိဿာလျှင် (၂၅၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ပြီး အကောင်အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိကြောင်းသိရှိရ ပါသည်။

DOCA(မကွေး)