၂၀၂၄ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၃၁၃၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၂၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ် ၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၃၁၃၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၂၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၃၅)ကျပ်ဖြင့်ရောင်းချသောကြောင့် ယခင်အပတ် စက်သုံးဆီဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92)စက်သုံးဆီအမျိုးအစား၊ ဓာတ်ဆီ(95) အမျိုးအစား၊ ဒီဇယ်(ရိုးရိုး)စက်သုံးဆီအမျိုးအစားနှင့် ဒီဇယ် (ပရီမီယမ်) စက်သုံးဆီဈေးနှုန်းမှာ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကြောင်းသိရှိပါသည်။

    ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယအပတ်နှင့် ဧပြီလ ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်မည်ဆိုပါက ဓာတ်ဆီ(92)တစ်လီတာလျှင် (၁၃၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၁၂၅)ကျပ်မြင့်တက်လျက်ရှိပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၅)ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၄၀)ကျပ်လျော့ကျ လျက်ရှိသောကြောင့် ကျွန်းလှမြို့စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)