“ကောင်း(ရွှေကျီး)” အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ကောင်း (ရွှေကျီး) အိုင်အိုဒင်းဆားစက်လုပ်ငန်းသို့ သွားရောက်၍ ဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

       မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချသော ကုန်စည်များအား ထုတ်ပိုးမှုများကောင်းမွန်စေရေး အထူးဂရုစိုက်ရန်၊ သန့်ရှင်းသန့်ရပ်မှုကို အလေးထားဆောင်ရွက်ရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိစေရေးဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ ပါသည်။

      ဆက်လက်၍ ခရိုင်ဦးစီးမှူးဒေါ်ဝါဝါမြိုင်က ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်း၊ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား မပြုလုပ်ရသေးပါက လာရောက်ပြုလုပ်ကြရန်နှင့်လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းများရှိ ကုန်ပစ္စည်းများကို အွန်လိုင်းဖြင့်ရောင်းချမည်ဆိုပါက အွန်လိုင်းမှတ်ပုံတင်ခြင်း လုပ်ဆောင်ပြီးမှ ရောင်းချခွင့် ရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(မွန်)