ဘိလပ်မြေဈေးနှုန်း မြင့်တက်လျက်ရှိ

Powered by Drupal

     မိတ္ထီလာမြို့ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သည့် ဘိလပ်မြေဈေးနှုန်းများမှာ ယခု ဧပြီလ(ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၁၂၀၀၀ ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် ၁၁၅၀၀ ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် ၁၂၀၀၀ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ယခင် မတ်လ(ဒုတိယပတ်)အတွင်း၌ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ၉၈၀၀ ကျပ်၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ၉၂၀၀ ကျပ်၊ အယ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် ၉၆၀၀ကျပ်ဖြစ်၍ ယခင်လနှင့် ယခုလ ကာလတူနှိုင်းယှဉ်လျှင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ၂၂၀၀ ကျပ်၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ၂၃၀၀ ကျပ်၊အယ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် ၂၄၀၀ကျပ် အသီးသီး ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရသည့်အကြောင်းရင်းမှာ စက်ရုံထုတ်ဈေးနှုန်း မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းများ မြင့်တက်လာခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှု လျော့နည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ဘိလပ်မြေအရောင်းဆိုင် လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(မန္တလေး)