မိတ္ထီလာဈေးကွက်မှ ကြက်သွန်နီတင်ပို့မှုနည်းနေ

Powered by Drupal

      မိတ္ထီလာဈေးကွက်မှ တင်ပို့မှုမှာ ဧပြီလဒုတိယပတ်တွင် လျော့နည်းလာကြောင်း သိရသည်။ ပုံမှန်အားဖြင့် မိတ္ထီလာဈေးကွက်မှ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မြဝတီ၊ တာချီလိတ်မြို့များသို့ တင်ပို့ နေရာယခုရက်ပိုင်း နယ်စပ်တင်ပို့နိုင်မှုမရှိဘဲ ရန်ကုန်နှင့်ပဲခူးတို့မှာလည်း အပြန်ကုန်ရှားသည့်အတွက် ကုန်တင်ခများ မြင့်တက်နေခြင်း၊ သင်္ကြန်ကာလနီးခြင်းတို့ကြောင့် တင်ပို့မှုနည်းကြောင်း သိရသည်။ ကုန်တင်ခမှာ တစ်ပိဿာလျှင် ယခုမိတ္ထီလာ-ရန်ကုန်မှာ ယခင်က (၁၃၀) ကျပ်မှ ယခု (၂၀၀) ကျပ်၊ မိတ္ထီလာ-ပဲခူးမှာ ယခင် (၁၅၀) ကျပ်မှ ယခု (၁၈၀) ကျပ်များသို့ တစ်ပိဿာအပေါ် (၆၅-၇၀) ကျပ်စီ ဈေးမြင့်လာပါသည်။ လက်ရှိအချိန်မှာ ကြက်သွန်နီနုတ်သိမ်းရာသီဖြစ်၍ ယခင်ပတ်ကတောင်သူ ရောင်းဈေးတစ်ပိဿာ (၁၄၀၀-၁၅၀၀) ကျပ် ရရှိခဲ့ရာ တောင်သူအများစုက ထွက်ရှိမှု၏ သုံးပုံတစ်ပုံကို သာ စရိတ်ကြေရုံရောင်းချပြီး ကျန် သုံးပုံနှစ်ပုံကို ထိန်းထားသည့်အတွက် (၁၆၀၀-၁၇၀၀) ကျပ်သို့ ဈေးမြင့်လာပါသည်။ ကြက်သွန်နီဈေးမှာ ပြည်ပဝယ်လိုအားရှိပြီး ပုံမှန်တင်ပို့နိုင်မည်ဆိုပါက ယခုနှစ်တွင်လည်း ဈေးကောင်းမည်ဟု ခန့်မှန်းထားပါသည်။

DOCA(မန္တလေး)