တိုးတိုးအောင်ငရုတ် စျေးနှုန်းစျေးကွက်

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ငရုတ်မျိုး များအနေဖြင့် သာမို၊ ဒီမွန်၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း နှင့် တိုးတိုးအောင် ငရုတ်မျိုးများကိုလည်း စိုက်ပျိုးကြပြီး ၄င်းမျိုးများအနက် တိုးတိုးအောင်ငရုတ်မျိုးများကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလများ တွင်စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ငရုတ်သီးများထွက်ရှိနေပြီ ဖြစ်ပါသည်။ငရုတ်သီးခူးဆွတ် ရာတွင် ၅ ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ ယခုအချိန်တွင် တစ်ကြိမ်ခူးဆွတ်လျှင် ပိဿာ (၅၀၀-၆၀၀)အထိထွက်ရှိနေပြီဖြစ်ကြောင်း၊ ယခင်နှစ် ငရုတ်သီးစျေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန် မတ်လဆန်းပိုင်းတွင် ငရုတ်သီးမှည့်(အစို) တစ်ပိဿာလျှင်(၄၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ငရုတ်သီး ဖြိုင်ဖြိုင်ပေါ်ချိန် ဇွန်၊ဇူလိုင်လများတွင် ငရုတ်သီးမှည့်(အစို) တစ်ပိဿာလျှင်(၆၀၀၀/-)ကျပ် စျေးနှုန်း အထိ ရောင်းချရကြောင်း၊ ယခုအချိန်တွင် ငရုတ်သီးမှည့်(အစို) တစ်ပိဿာလျှင်(၂၁၀၀/-)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ယခင်နှစ် ငရုတ်အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပိဿာ (၈၀၀၀-၁၀၀၀၀)အထိ ထွက်ရှိကြောင်း ၊ ယခုနှစ်တွင်လည်း ယခင်နှစ်အထွက်နှုန်းအတိုင်း ထွက်ရှိ နိုင်မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် စျေးနှုန်းများကျဆင်းနေသော်လည်း ယခင်နှစ်စျေးနှုန်းအတိုင်း ရရှိမည်ဆိုပါက အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုးတိုးအောင် ငရုတ်စိုက်ပျိုးသော တောင်သူ တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)