ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

Powered by Drupal

    ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ဧပြီလ ပထမပတ်တွင် မတ်ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီး ပဲတစ်တင်းကို (၉၈၀၀၀-၉၈၅၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်ရှိပါသည်။ ဧပြီလ ပထမပတ်တွင် ပဲတီစိမ်းဈေးနှုန်းကျဆင်းနေပြီး တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် တစ်ခါတစ်ရံမှသာ မန္တလေးအဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျှင် အိတ်၁၀၀ခန့်သာတင်ပို့မှုရှိပါသည်။ ဧပြီလ ပထမပတ်တွင် ပဲစင်းငုံဈေးနှုန်းလည်းပြန်လည်မြင့်တက်လာခဲ့ပြီး ပဲတစ်တင်းကို ၁၂၂၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်ရှိပါသည်။

      ဧပြီလ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၃၀၀၀-၈၃၅၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၆၅၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၅၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၁၀၀ခန့်ရှိပါသည်။ ဧပြီလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းနေပြီး တစ်ရက်လျှင် မြို့တွင်းအဝယ် (၂၅/၅၀) အိတ်ခန့်ရှိပါသည်။ ဧပြီလ ပထမပတ်တွင် ဘိုကိတ်ဈေးနှုန်းကျဆင်းနေပြီး ပဲတစ်တင်းကို (၆၃၀၀၀-၆၄၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် (၁၀၀/၁၅၀) ခန့်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်၏ ပဲဈေးများမှာ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ မြင့်တက်လျက်ရှိပြီး၊ ကျန်ပဲများဖြစ်သော ပဲကြီး၊ ကုလားပဲ၊ စားတော်ပဲ၊ ဘိုကိတ်ပဲဈေးနှုန်းများမှာ ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)