“နွေစပါးစိုက်ပျိုးမှု အခြေအနေ”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် မိုးစပါး၊နွေစပါးနှင့် ပဲမျိုးစုံသီးနှံများအား စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ပဲမျိုးစုံသီးနှံများရိတ်သိမ်း ပြီးစီးပြီဖြစ်၍ နွေစပါးများအားစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်တွင် နွေစပါးလျာထား စိုက်ဧက(၂၇၆၂)ဧက လျာထားသော်လည်း အမှန်စိုက်ဧက(၆၂၁၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးပြီးစီးမှုတွင် ပျိုးထောင်စိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၁၆၇၁)ဧက၊စဉ့်ကိုင်မြို့နယ်တွင် (၆၇၅)ဧက၊မြစ်သားမြို့နယ်တွင်(၉၀၆)ဧက နှင့် တိုက်ရိုက်အစေ့ချဧက ကျောက်ဆည်မြို့နယ်တွင် (၆၃၉) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၁၇)ဧက၊မြစ်သားမြို့နယ်တွင်(၂၂၀၃)ဧကစိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ဧပြီလဆန်းမှ စတင်၍ နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိပါသည်။နွေစပါးစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၇၈၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး မျိုးအနေဖြင့် မနောသုခမျိုး နှင့်ဧရာပဒေသာမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ နွေစပါးသည် မိုးစပါးထက် အထွက်နှုန်း ပိုကြောင်း ၊ နေရောင်ခြည်ကောင်းစွာရရှိသောကြောင့် အစေ့အဆံများ အောင်မြင်ဖြစ်ထွန်းသော ကြောင့် အထွက်နှုန်းပိုခြင်းဖြစ်ကြောင်း၊ (၁)ဧကမျိုးအနေဖြင့်(၂)တင်းစိုက်ပျိုးရကြောင်း၊ ယခင်နှစ် နွေစပါးအထွက်နှုန်းအနေဖြင့် တင်း(၈၀)ခန့်ထွက်ရှိပြီး မနောသုခ တစ်တင်းလျှင်(၁၇၅၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တစ်တင်းလျှင်(၂၀၀၀၀/-)ကျပ်ခန့်ရှိပြီး ယခုလက်ရှိပေါက်စျေးအနေဖြင့် မနောသုခ (မိုး) တစ်တင်းလျှင်(၂၄၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး(မိုး) တစ်တင်းလျှင်(၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး နွေစပါးပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းမှာဖြစ်ကြောင်း နွေစပါးအစောစိုက်ပျိုးသော လေးဆယ်ကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)