မုဒုံမြို့နယ်တာဝန်ခံမှ ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

          ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့ရှိ စားအုန်းဆီများကို တာဝန်ယူဖြန့်ဖြူးရောင်းချပေးနေသော ဆီလုပ်ငန်းရှင် ဦးထင်ကျော်နှင့်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့​တွေ့ဆုံရာတွင်​ မုဒုံမြို့နယ်​တာဝန်​ခံမှ စားအုန်းဆီများကို​ လက်​လီဆိုင်​များမှတစ်ဆင့်​ ကျေးရွာ/ရပ်​ကွက်​အရောက်​ ပြန့်​ပြန့်​နှံ့နှံ့ ဖြန်းဖြူး​ရောင်းချရာတွင်​ သတ်​မှတ်​အ​ရေအတွက်​ပြည့်​မီစွာ​ရောင်းချ​ပေး​ရေး၊ ​ဈေးနှုန်းမြှင့်တင်​ ရောင်းချမှုမရှိ​စေ​ရေးနှင့်​ ဈေးနှုန်းမြှင်​တင်​ရောင်းချပါက  အရေးကြီးကုန်​စည်​နှင့်​ဝန်​ဆောင်​မှုဥပ​ဒေ၊ ပုဒ်​မ(၅)အရ အနည်းဆုံး​ထောင်​ဒဏ်​ခြောက်​လမှ အများဆုံး​ထောင်​ဒဏ်​သုံးနှစ်​အထိ ချမှတ်​ခံရမည့်​အပြင် ​ငါးသိန်းထက်​မပို​သော ဒဏ်​ငွေချမှတ်​အပြစ်​ပေးအ​ရေးယူခံရမည်​ဖြစ်​ကြောင်းအား​ခေါ်ယူ​တွေ့ဆုံ ရှင်းလင်း​ဆွေး​နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)