ကံမမြို့နယ်တွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်း ဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ကံမမြို့နယ်တာဝန်ခံ၊ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်း သည်(၅-၄-၂၀၂၄) ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင်စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေ ထည့်သွင်း ဖော်ပြရ မည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံး သူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)