မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်နေသောအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မကွေးကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

    ကုလားပဲ(HL)နှင့် ကုလားပဲ(929)တို့မှာ အရောင်းအဝယ်အများဆုံးဖြစ်နေပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ကုလားပဲ(HL)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ (929) ကျပ်(၇၈၅၀၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကုလားပဲ(HL)နှင့် ကုလားပဲ(929)တို့မှာ  ကျပ် (၃၀၀၀)စီ ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကုလားပဲ (HL)နှင့် ကုလားပဲ(929) (၁)ပတ်အတွင်း အိတ် ပေါင်း(၁၀၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

     မြေပဲဆံ အုပ်စုများဖြစ်သော လုံးဆံနီ၊ လုံးဆံဖြူနှင့် မြေပဲဆီဆံ(အောက်ကျ)တို့မှာလည်း ယခုတစ်ပတ်တွင်  လုံးဆံနီ (၁)ပိဿာလျှင် ကျပ်(၇၃၀၀)၊ လုံးဆံဖြူ ကျပ်(၆၅၀၀)၊ မြေပဲဆံ (အောက်ကျ)ကျပ်(၅၁၀၀ - ၅၂၀၀)ဖြစ်၍  ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် လျက်ရှိကြောင်း၊ လုံးဆံနီ၊ လုံးဆံဖြူနှင့် မြေပဲဆံ(အောက်ကျ) (၁)ပတ်အတွင်း အိတ်ပေါင်း (၂၀၀၀) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရ ပါသည်။

     (၅.၄.၂၀၂၄)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်း များမှာ နှမ်းနက်စမုံ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်( ၁၂၈၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၃၁၀၀၀)၊ နှမ်းနီ(မကွေး) (၁၅)ပိဿာ(၁)တင်းလျှင်  ကျပ်(၁၁၃၀၀၀ - ၁၁၄၀၀၀)၊   နှမ်းညို ကြား(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ နှမ်းနီ(နယ်စ)(၁၅)ပိဿာ(၁)တင်းလျှင် ကျပ် (၁၂၀၀၀)၊ ပဲတီစိမ်း(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၇၂၀၀၀-၇၃၀၀၀)၊ ပဲလွန်းဝါ(၁၉)ပိဿာ(၁) တင်း လျှင် ကျပ်( ၆၀၀၀၀ - ၆၁၀၀၀)၊  ပဲကြီးဖြူ(လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်( ၈၅၀၀၀)၊  ပဲကြီး ဖြူ(သေး)(၁၉)ပိဿာ(၁)တင်းလျှင်  ကျပ်(၇၅၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) (၁၉)ပိဿာ(၁) တင်းလျှင် ကျပ်(၉၀၀၀၀)၊  ပဲကြီးမဲ(ချင်း)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ပဲထောပတ် (၁၉)ပိဿာ (၁)တင်း လျှင် ကျပ်(၁၀၁၀၀၀)၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ် (၁၂၂၀၀၀)၊  မတ်ပဲ(၂၀) ပိဿာ(၁)တင်းလျှင်  ကျပ်(၉၅၀၀၀)၊  စားတော်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၉၃၀၀၀ - ၉၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)