အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်တို့ကို မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင် တည်ရှိသော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိသော မြစ်ငါး၊ ပုဇွန်ဈေးနှုန်းများမှာ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ငါးတန်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးကွန်မှန်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးဘတ် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးသလောက်(အကောင်အလတ်) (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ပုဇွန်(အကောင်အကြီး)(၁) ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးလူး(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးယင်ပေါင်စာ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုူန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ငါးကြင်း ကျပ်(၄၀၀၀)၊ ငါးကွန်းမှန် ကျပ်(၁၀၀၀)၊ ပုဇွန် ကျပ်(၅၀၀၀)၊ ငါးဘတ် ကျပ်(၂၀၀၀)ဈေးနှုန်းအသီးသီးမြင့်တက်လာပြီး  ငါးလူးနှင့်ငါးယင်ပေါင်စာမှာ လှိုင်လှိုင်ထွက်ရှိနေသောကြောင့် ကျပ်(၈၀၀၀)စီဈေးနှုန်းကျဆင်းသွားကြောင်း၊ ယခုအချိန်တွင် ကျန်ငါးများမှာရှားပါးလာသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်း ငါးရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)