ဆိပ်ဖြူကြက်သွန်နီ ဧပြီလ(ပထမပတ်)တွင် ဈေးဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ ဧပြီလ (ပထမပတ်)တွင် နွေကြက်သွန်နီ (ပင်စိုက်) အသစ်များ တစ်ရက်လျှင် ကုန်ချိန်(၁)သိန်းမှ (၅)သောင်း အထိ ဒေသတွင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ် နှင့် ကံတွင်း၊ ရေပုတ်ကျေးရွာများမှ အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၄)သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း ယခုတစ်ပတ် ကုန်ဝင်ပိဿာချိန်လျော့နည်းသွားကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

    ကြက်သွန်နီဈေးကွက်အနေဖြင့် ဧပြီလ(ပထမပတ်)တွင် ဈေးဆက်လက်ကျဆင်းပြီး အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ်(၁၈၀၀)၊ အလတ်စဈေး ကျပ်(၁၇၀၀)၊ အသေးစ ကျပ်(၁၅၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်မတ်လ(စတုတ္ထပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၁၉၇၅)၊ အလတ်စကျပ် (၁၇၅၀)၊ အသေးစ ကျပ်(၁၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ယခင်မတ်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဧပြီလ(ပထမပတ်)တွင် အမြင့်ဈေး(ထိပ်စ) ကျပ်(၁၇၅)၊ အလတ်စ ကျပ်(၅၀)၊ အသေးစကျပ်(၁၀၀) အသီးသီးဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဈေးကျဆင်းရခြင်းမှာ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများ ခြင်းနှင့် ပြည်ပ ဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ဧပြီလ(ပထမပတ်)တွင် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင် ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ် နိုင်ငံများသို့ မော်တော်ယာဉ်များဖြင့် ဆိပ်ဖြူမြို့မှ တိုက်ရိုက်ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီ ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)