“ငှက်ပျောများ ဖြိုင်ဖြိုင်ရိတ်သိမ်း”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငှက်ပျော သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပါသည် ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၇၅၀)ဧက၊ မြစ်သားမြို့နယ် တွင် (၉၀၁) ဧက၊စုစုပေါင်း(၂၉၃၃)ဧကစိုက်ပျိုးထားရှိပြီး ယခု လက်ရှိအချိန်ထိ ငှက်ပျောရိတ်ဧက (၂၄၉၁)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ငှက်ပျောစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ (၁)ဧကအထွက်နှုန်း အနေဖြင့် ငှက်ပျောခိုင် (၈၀၀)ခိုင်ထွက်ရှိကြောင်း၊ ယခုလက်ရှိစျေးနှုန်းအနေဖြင့် အခိုင်(၄၀)ပါ ငှက်ပျောလှည်းတစ်စီးလျှင် (၃၅၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ငှက်ပျော ကြိုတင်ရောင်း လှည်းတစ်စီးလျှင် (၂၅၀၀၀၀/-)ကျပ်ဖြင့် ရောင်းချရကြောင်း ၊ ငှက်ပျောစျေးနှုန်းအနေဖြင့် ယခင်နှစ်ငှက်ပျောသီး ဖီးကြမ်းလက်ရင်းတစ်ဖီးလျှင်(၂၈၀၀/-)ကျပ်၊ လက်ဖျား တစ်ဖီး လျှင် (၂၃၀၀/-)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိ ဖီးကြမ်းလက်ရင်းတစ်ဖီးလျှင်(၃၀၀၀/-)ကျပ်၊ လက်ဖျားတစ်ဖီးလျှင်(၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ စျေးနှုန်းများ ကောင်းမွန်သောကြောင့် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းသဖြင့် ငှက်ပျောသီးနှံကို တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)