“မိုးနှောင်းချည်မျှင်ရှည်ဝါများ ရိတ်သိမ်းပြီးစီး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၁၀၇၆၇)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၇၈၉၇)ဧက ၊ မြစ်သားမြို့နယ်တွင်(၄၃၅၄)ဧက ၊ စုစုပေါင်း(၂၃၀၁၈)ဧက စိုက်ပျိုးထားရှိပြီး ယခု လက်ရှိအချိန်ထိ(၄၃၀၀)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ဝါစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့်  ဝါ (၁)ဧကလျှင်ပိဿာ(၇၀၀-၈၅၀)အထိ ထွက်ရှိကြောင်း၊ဝါစျေးနှုန်းအနေဖြင့် ယခင် ဝါတစ်ပိဿာလျှင် (၃၃၀၀/-)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင်(၇၃၀၀/-)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင်(၁၄၀၀/-)ကျပ်စျေးနှုန်း များရှိခဲ့ပြီး ယခုလက်ရှိပေါက်စျေးအနေဖြင့် ဝါတစ်ပိဿာလျှင် (၃၁၀၀/-)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၆၀၀၀/-)ကျပ် ၊ ဝါစေ့တစ်ပိဿာလျှင်(၁၂၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး နောက်ကျသောဝါများမှာ အရည်အသွေးညံ့သောကြောင့် စျေးကောင်းမရရှိကြောင်း၊ စိုက်ပျိုးစရိတ် နှုတ်ပြီးပါက(၁၅၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း၊ ဝါအများဆုံးစိုက်ပျိုးသော ဒိုင်းကျေးရွာမှတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)