“ပဲကြီးသီးနှံများ အောင်မြင်စွာ ရိတ်သိမ်းပြီးစီး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကိုအဓိကထားဆောင်ရွက်သော ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြရာ  ပဲကြီးသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ခရိုင်အတွင်းတွင် ပဲကြီးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၁၉၅) ဧက၊မြစ်သားမြို့နယ်တွင်(၂၄၀)ဧက၊စုစုပေါင်း(၁၄၃၅)ဧကစိုက်ပျိုးထားရှိပြီး မတ်လ တတိယပတ်အထိ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြာင်း ၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည် ။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧကအထွက်နှုန်း အနေဖြင့်(၁၃)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ပဲကြီးပေါ်ချိန်တွင် ပဲကြီးတစ်တင်းလျှင်(၇၁၅၀၀/-) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ ပဲကြီး တစ်တင်းလျှင် (၆၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၃၈၀၀၀၀/-) ကျပ်ခန့်ရရှိကြောင်း ပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)