“ဆောင်းပဲတီစိမ်းများရိတ်သိမ်းလျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံသီးနှံများဖြစ်သည့် ကုလားပဲ၊ထောပတ်ပဲ၊ပဲကြီး၊ပဲယင်းနှင့် ပဲတီစိမ်းသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါသည်။ ဆောင်းပဲတီစိမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၂၇၅)ဧက၊မြစ်သားမြို့နယ်တွင်(၁၁၈၁)ဧက ၊ စုစုပေါင်း(၃၄၅၆)ဧက စိုက်ပျိုးထားရှိပြီး ယခုမတ်လတတိယပတ်တွင် (၁၁၄၀)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။(၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ကျောက်စိမ်းမျိုး၊ရေဆင်း-၁မျိုးများဖြစ်ကြောင်း၊ ပဲတီစိမ်း(၁)ဧက အထွက်နှုန်းနေဖြင့်(၁၂-၁၃)တင်းအထိထွက်ရှိကြောင်း ၊ မိုးပဲတီစိမ်းပေါ်ချိန်တွင် တစ်တင်းလျှင် (၄၀၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိ ပဲတီစိမ်းတစ်တင်းလျှင်(၄၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ (၁)ဧကလျှင် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နှုတ်ပြီးပါက (၂၈၅၀၀၀/-)ကျပ်အမြတ်ရရှိကြောင်း၊ ပဲတီစိမ်းစျေး ယခုထက်မက စျေးကောင်းမွန်ပါက ပိုမိုအကျိုးအမြတ်ရှိမှာဖြစ်ကြောင်း ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)