မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြား ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

        မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၆၇၀-၈၇၃၀)၊ နှမ်းနီ ကျပ် (၇၅၃၀-၇၆၇၀)၊ နှမ်းနက်(စမုံ) ကျပ်(၈၅၃၀-၉၀၀၀)၊ မြေပဲဆီဆံ (အောက်ကျ) ကျပ်(၄၅၀၀-၅၀၀၀)၊ ပဲတီစိမ်း ကျပ်(၃၆၀၀-၃၆၅၀)၊ ပဲနောက် ကျပ်(၂၇၅၀-၂၉၀၀)၊ ပဲလွန်ဝါ (ကြီး) ကျပ်(၃၁၆၀-၃၂၁၀)၊ ကုလားပဲကျပ်(၄၀၈၀-၄၁၃၀)၊ မတ်ပဲ ကျပ်(၄၇၅၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၂၀၀)၊ စားတော်ပဲ ကျပ် (၄၅၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းဖြူ ကျပ်(၁၄၀-၂၀၀)၊ မတ်ပဲ ကျပ်(၂၃၀)၊ ပဲစဉ်းငုံ(နီ) ကျပ်(၃၀၀)ဈေးမြင့်ခဲ့ပြီး  ပဲလွန်းဝါကြီး ကျပ်(၂၁၀) ဈေးကျခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၁၂၃၅)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့တို့မှ အများဆုံးဝယ်ယူလျက်ရှိ ကြောင်း သိရှိရပါသည်။

         တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ကုလားပဲ ကျပ်(၃၈၅၀-၄၀၀၀)၊ မတ်ပဲ ကျပ်(၄၇၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၁၄၆.၉၅)ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

        အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက် ကျပ်(၇၇၈၀-၈၄၄၅)၊ ရိုးရိုးနှမ်းနက် ကျပ်(၇၅၅၅)၊ နှမ်းနီ ကျပ်(၇၅၅၅)၊ နှမ်းဖြူသန့် ကျပ်(၇၇၈၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၀၉၀-၆၁၀၀)၊ ကုလားပဲ (မြကြေး) ကျပ် (၄၂၂၅-၄၃၀၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၀၅၀-၄၀၇၅)၊ ပဲကြီး(သစ်) ကျပ်(၄၆၀၀-၄၈၀၀)၊ မြေပဲဆီဆံ(နီ) ကျပ်(၇၆၀၀-၇၇၀၀)၊ မြေပဲဆီဆံ(ဖြူ) ကျပ်(၆၃၀၀)၊ မတ်ပဲ ကျပ် (၄၅၅၀-၄၅၇၅)၊ ဝါ ကျပ်(၂၉၀၀-၃၀၀၀)၊ ဘိုကိတ်ပြာ ကျပ်(၃၀၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ပဲစဉ်းငုံ (နီ)ကျပ်(၂၈၀)၊ ကုလားပဲ ဟော်လန် ကျပ်(၅၀)၊ ပဲကြီး ကျပ်(၄၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၅၀) ဈေးမြင့်ပြီး ကျန်ပဲ၊ နှမ်းဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း တန်ချိန်(၂၉၃.၃) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။  

       ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၅၀၀-၁၉၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခု အပတ်တွင် ကြက်သွန်နီ ကျပ်(၁၀၀)ဈေးကျပြီး တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။  

       ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်) ကျပ်(၁၄၀၀-၂၂၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင်  ကြက်သွန်နီ(သစ်) ကျပ်(၂၀၀)ဈေးကျပြီး တစ်ပတ်အတွင်း တန်ချိန်(၆၃၂)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

      ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929) ကျပ်(၄၀၉၅-၄၁၀၅)၊ ထောပတ်ပဲ(ကျွန်း) ကျပ် (၄၆၃၀-၄၈၄၂)၊ ပဲစဉ်းငုံ ကျပ်(၆၀၉၀)၊ ပဲဇီးကွက် ကျပ်(၂၃၀၀)၊ စွန်တာနီ (ကျွန်း) ကျပ်(၂၂၈၀-၂၄၀၀) ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ထောပတ်ပဲ(ကျွန်း) ကျပ်(၂၇)၊ ပဲစဉ်းငုံ ကျပ် (၂၇၀)၊ ပဲဇီးကွက် ကျပ်(၂၀)၊ ကုလားပဲ(929) ကျပ်(၇၅)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲယင်းနီ ကျပ်(၇၈၅)၊ စွန်တာနီ(ကျွန်း) ကျပ်(၆၆၅)ဈေးကျခဲ့ကြောင်း၊ တစ်ပတ်အတွင်း တန်ချိန်(၂၄၄.၈၇)ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မကွေး)