“ပဲယင်းစိုက်ဧက အားလုံးရိတ်သိမ်းပြီးစီး”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများအနက် ပဲယင်းသီးနှံကို မြစ်သားမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပဲယင်းစိုက်ဧက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် (၅၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ပဲယင်းစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင်(၁၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊အများဆုံးစိုက်ပျိုးသောမျိုးများမှာ ပဲယင်းသေးမျိုး ဖြစ်ပြီး အထွက်နှုန်းအနေဖြင့်(၁၀-၁၅)တင်းအထိ ထွက်ရှိကြောင်း ၊ ယခင်နှစ် စျေးနှုန်းအနေဖြင့် ပဲယင်းတစ်တင်းလျှင်(၄၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ယခုနှစ် ပဲယင်းတစ်တင်း စျေးနှုန်းမှာ(၄၈၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းပြီး စိုက်ပျိုးစရိတ်သက်သာကာအထွက်နှုန်းကောင်းမွန်သော ပဲယင်းသီးနှံကို တောင်သူများအများဆုံး စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)