ပခုက္ကူမြို့ပေါ်၌ ဧပြီလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ခေါက်ဆွဲခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များရောင်းချလျက်ရှိသောဆိုင်များတွင် နေ့စဉ် ကုန်စိမ်းဟင်းသီးဟင်းရွက်များအပြင် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သော ခေါက်ဆွဲခြောက်ထုပ်များလည်း  အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ရွှေဒင်္ဂါး(အဝါရောင်)ခေါက်ဆွဲခြောက်နှင့် စွမ်းထက်(အဖြူရောင်) ခေါက်ဆွဲခြောက်များလည်းဝင်ရောက်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

      ခေါက်ဆွဲခြောက်ဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ရွှေဒင်္ဂါး (အဝါရောင်)(၂၅)စီးပါ တစ်ထုပ်လျှင် ကျပ်(၁၄၅၀၀)၊ တစ်စည်းလျှင် ကျပ်(၆၀၀)၊ စွမ်းထက် (အဖြူရောင်)ခေါက်ဆွဲခြောက် (၅၀) ကျပ်သားတစ်စည်းလျှင် ကျပ်(၃၀၀၀)၊ (၂၅)ကျပ်သားတစ်စည်းလျှင် ကျပ်(၁၅၀၀)၊ (၂၀)ကျပ်သား တစ်စည်းလျှင် ကျပ်(၁၃၀၀)၊ ခေါက်ဆွဲစက်ကျ အကျိုးတစ်ပိဿာထုပ်တစ်စည်းလျှင် ကျပ်(၄၀၀၀)၊ (၁၀)ကျပ်သားတစ်စည်းလျှင် ကျပ်(၄၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်မတ်လ(ပထမပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးအတက်အကျမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

       ခေါက်ဆွဲခြောက်များကို  မုံရွာမြို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာ၍  အလွယ်တကူစားသုံးရခြင်းဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ စားသောက်ကုန်စီးပွားရေးလုပ်ငန်းရှင်များနှင့် အသုပ်ဆိုင်များအပြင် ယခုအချိန်ကာလတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးချိန် သင်္ကြန်ကာလဖြစ်၍ မြန်မာလူမျိုးများအနေဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်ရန်အတွက် မြို့နေကျေးလက်ပါမကျန် စားသုံးသူများဝယ်ယူသုံးစွဲမှုများ၍ အရောင်းအဝယ်သွက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၁၀၀-၁၄၀)၊ တစ်လလျှင် ပျမ်းမျှပိဿာ(၃၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)