ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဧပြီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်း  အနည်းငယ်တက်လျက်ရှိကြောင်းနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။           

       ဈေးနှုန်းအနေဖြင့် ယခင်လ က ကြက်ဟင်းခါးသီး အထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၁၆၀၀၊၁၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေးဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဖြင့်လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီး အထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေးဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော မတ်လနောက်ဆုံးပတ်နှင့် ဧပြီလဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်တက်နေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီးဈေးနှုန်းတက်ရခြင်းမှာ စိုက်ခင်းမှ အထွက်နှုန်းနည်းလာခြင်းနှင့် ဝင်ရောက်လာသည့် ကြက်ဟင်းခါးသီးများ စရိတ်များလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)