ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဧပြီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်နေကြောင်း သတင်းရရှိသည်။

       ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ   ( ၈၀၀ ) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၈၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာလျှင်  ( ၁၅၀၀ ) ကျပ် တို့ဖြစ်နေကြောင်း သိရပါသည်။

        ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော မတ်လ နောက်ဆုံးပတ်နှင့် ဧပြီလ ဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ် တက်နေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းတက်ရခြင်းမှာ စိုက်ပျိုးယာခင်းမှ အထွက်နှုန်းနည်းလာခြင်းနှင့် ဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ စရိတ်များလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)