တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန် ပေး အပ်ပွဲ အခမ်းအနားကို ၄.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီတွင် တနင်္သာရီတိုင်း‌ဒေသကြီးအစိုး ရအဖွဲ့ရုံး၊ (၃)ထပ်ဆောင်ခန်းမ၌ ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်း‌‌ဒေသကြီး စားသုံးသူ‌ရေးရာဦးစီးဌာန    တက်‌ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် တနင်္သာရီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်း‌ဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ ရေးနှစ်၊   ဒေသန္တရစီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းတစ်ခုချင်းအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ စီမံကိန်းအလိုက် သက်ဆိုင်ရာဌာနများက မိမိနှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် အောင်မြင်အောင်    အကောင်အထည်ဖော်ဆောင်ရွက်သွားရန်   ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စီးပွားရေးရာဝန်ကြီးတို့မှ သက်ဆိုင်ရာဌာနများနှင့်   ခရိုင်(၄)ခရိုင်တို့အား   ၂၀၂၄-၂၀၂၅   ဘဏ္ဍာရေးနှစ်   ဒေသန္တရစီမံကိန်းတာဝန်များ    ပေးအပ်ခဲ့ကာ  အခမ်းအနားအား    နံနက်(၁၁း၃၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)