ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၈)ဦးအား အသိပညာပေးဟောပြော

Powered by Drupal

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၄.၄.၂၀၂၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့တွင်း စားသုံးဆီရောင်းချလျက်ရှိသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စံချိန်၊စံညွှန်းနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာ ဈေးကွက်အတွင်းရောင်းချ ကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍လည်း ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို ပြည့်စုံစွာဖော် ပြထားရှိကြရန်စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)