ကန့်ဘလူမြို့တွင် စားအုန်းဆီများကို ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာရောင်းချပေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် (၂၃.၃.၂၀၂၄) ရက်နေ့ နံနက် ၀၇:၄၅ နာရီအချိန်၌ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်    ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်းသိရသည်။

      အဆိုပါ စားအုန်းဆီများကို ရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွယ်ကူလျှင်မြန်စွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် ရည်ရွယ်၍ စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် ဝန်ထမ်းတစ်ဦးလျှင်(၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချ ပေးခဲ့ပြီး ဝန်ထမ်း(၉၀၀)ဦးအတွက် စားအုန်းဆီ ၉၀၀ ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(စစ်ကိုင်း)