ရတနာသီရိဈေးကြီးအတွင်း ရောင်းချနေသော သား/ငါးဈေးနှုန်းများ

Powered by Drupal

      မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေးတွင် (၁၉.၃.၂၀၂၄)ရက်နေ့ ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ အတွင်း၊ ကြက်သား တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ၁၃၀၀၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ မှ ၁၆၀၀၀ အတွင်း၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀ မှ ၂၆၅၀၀ အတွင်း၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၉၅၀၀ မှ ၁၂၀၀၀ အတွင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၇၅၀၀ အတွင်း၊ ပုစွန်(ဘောချိတ်) တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀ မှ ၂၅၀၀၀ အတွင်း၊ ငါးတန် တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၆၅၀၀ အတွင်း အသီးသီးရောင်းချလျက်ရှိ ပြီး ယခင်အပတ်ထက် ယခုအပတ်ဈေးမှာ ဝက်သားတစ်ပိဿာလျှင် ကျပ် ၅၀၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၅၀၀၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ငါးတန်တစ်ပိဿာလျှင် ကျပ် ၂၀၀ ဈေးကျပြီး ကြက်သားတစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးတက်သွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)