သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် မတ်လ ( ၁၃ ) ရက်နေ့ မှ မတ်လ ( ၁၉ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ခရမ်း၊ ပဲခူး မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၁၀၀၀၀ ၊ အလုံးလတ် ကျပ် ၉၀၀၀၊ အလုံးသေး ကျပ် ၈၀၀၀ ၊ ခရမ်း၊ ပဲခူး မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၅၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၅၀၀၀ ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ (မြန်မာ) အလုံးကြီးတစ်ခြင်း ကျပ် ၄၅၀၀၀၊  ပြင်ဦးလွင်မှ စတော်ဘယ်ရီ (ဂျပန်) အလုံးကြီးတစ်ခြင်း ကျပ် ၆၀၀၀၀၊ ညောင်နှစ်ပင် မှ ပိန္နဲသီး အလုံးကြီး ကျပ် ၂၀၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀၊ မှော်ဘီ မှ စိမ်းစားဥ တစ်တွဲ အလုံးကြီး ကျပ် ၁၀၀၀၊ ပြည်မှ ဇီးသီး(အချို) တစ်ပြည် အလုံးကြီး ကျပ် ၁၅၀၀ ၊ ကျိုက်လတ် မှ နှင်းသီး အလုံးကြီးတစ်ခြင်း ကျပ် ၁၀၀၀၀၊ အလုံးလတ်ကျပ် ၉၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)