တောင်ငူမြို့နယ် ကေတုမတီမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် တောင်ငူခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ညှိနှိုင်းချက်အရ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကေတုမတီမြို့တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

       ပူးပေါင်းအဖွဲ့သည် ကေတုမတီဈေးအတွင်းနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အစားသောက်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးဝါးများ ပါဝင်မှု ရှိ/ မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိတို့ကို လည်းကောင်း၊ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဆိုင်ပိုင်ရှင်များနှင့် ဆိုင်ကိုယ်စားလှယ်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)