ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မည့် Export ဆန်များအား ကုမ္ပဏီများက သနပ်ပင်မြို့နယ်မှ တိုက်ရိုက်ဝယ်ယူ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထွက်ရှိသော ဧည့်မထစပါးအမျိုးအစားများကို ရွှေဝါရောင် ကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံသို့ NIMBA အမှတ်တံဆိပ်ဖြင့် တင်ပို့ရန် သီးသန့်ဝယ်ယူ၍ သိုလှောင်လျက်ရှိကြောင်း သိရှိရပြီး စပါးများကို သနပ်ပင်မြို့ရှိ ချမ်းအေးဆန်စက် ၊ ရွှေနဒီဆန်စက်တို့မှ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို၍ ကြိတ်ခွဲတင်ပို့လျက် ရှိကြောင်း သိရှိရပါသည်။ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့ရန်အတွက် ဧည့်မထ ၅ % စူပါ (၅)ဆန် 25 kg အိတ် (၆၀၀၀၀)အိတ်အား  တစ်အိတ်လျှင် (၁၃၁၅၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ တောင်ဒဂုံ ၊ ရွှေလင်ပန်း ၊ ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ကုန်ကြမ်းအနေဖြင့်လည်း ဧည့်မထ ၂၅မှတ် ၊ ဆန်50 kg အိတ် (၂၀၀၀)အား ရန်ကုန်မြို့ရှိ သတ်မှတ်ထားသည့် နေရာသို့ အရောက် တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်နှုန်းဖြင့် ပေးပို့ရန် စာချုပ်ချုပ်ဆိုထားကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ နိုင်ငံခြားသို့ မြန်မာ့ဆန်များ ကုန်ချောအနေဖြင့်သာမက ကုန်ကြမ်းအနေဖြင့်လည်း တင်ပို့မှု အောင်မြင်လာသည်နှင့်အမျှ စပါးစိုက်တောင်သူများအနေဖြင့် ဝင်ငွေအခွင့်အလမ်းတိုးလာခြင်း၊ စက်ပိုင်များအနေဖြင့် ယခုနှစ်တွင် ကုမ္ပဏီမှ Export တင်ပို့မည့်အမှတ်တံဆိပ်များဖြင့် တိုက်ရိုက်ထည့်သွင်းသည့်အတွက် အိတ်လှယ်ခ ၊ အိတ်သွန်ခများ သက်သာလာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)