မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

     မော်လမြိုင်မြို့၌ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခင်အပတ် (၂၀၂၂ ဇန်နဝါရီ နောက်ဆုံးပတ်)၌ ကြံ့နှစ်ကောင် (အနီ) ၈၇၅၀ ကျပ်၊ ဆင်(ထိုင်း) ၉၃၀၀ ကျပ်၊ ကြံ့တံဆိပ် (အဝါ) ၈၂၀၀ ကျပ် ရှိခဲ့ပြီး ယခုအပတ် (၂၀၂၂ ဖေဖော်ဝါရီ ပထမပတ်)တွင် ကြံ့နှစ်ကောင်(အနီ) ၉၄၀၀ ကျပ်၊ ဆင်(ထိုင်း) ၉၅၀၀ ကျပ်၊ ကြံ့တံဆိပ်(အဝါ) ၈၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

      မော်လမြိုင်မြို့၌ ဓာတ်မြေဩဇာဈေးမှာ ယခင်အပတ်(၂၀၂၂ ဇန်နဝါရီ နောက်ဆုံးပတ်)တွင်  ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kgပါ တစ်အိတ်လျှင်  ၇၅၀၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  50kgပါ တစ်အိတ်လျှင်  ၄၈၅၀၀ ကျပ်၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kgပါ တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်၊ တီစူပါ တရုတ် (သံကွင်း) 50kgပါ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ် ရှိခဲ့ပီး ယခုအပတ်(၂၀၂၂ ဖေဖော်ဝါရီ ပထမပတ်)တွင် ကွန်ပေါင်း(မြန်မာ့ဩဘာ ရွှေကော မက်) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၄၇၀၀ ကျပ်၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kgပါ တစ်အိတ်လျှင်  ၈၃၀၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kgပါ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  50kgပါ တစ်အိတ်လျှင်  ၄၈၅၀၀ ကျပ်၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kgပါ တစ်အိတ်လျှင် ၅၉၀၀၀ ကျပ်၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်၊ တီစူပါ တရုတ် (သံကွင်း) 50kgပါ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းမှာ ယခုအပတ်နှင့် ယခင် အပတ်နှိုင်းယှဉ်လျှင် ကွန်ပေါင်း (ကွန်ပေါင်း(မြန်မာ့ဩဘာ ရွှေကော မက်) ၁၅:၁၅:၁၅၊ ကွန်ပေါင်း ၂၀:၁၂:၁၂၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်)၊ တီစူပါ တရုတ် (သံကွင်း) တို့မှာ ဈေးနှုန်း အနည်းငယ်မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်