အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ

Powered by Drupal

         မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၃.၂.၂၀၂၄ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုမှ  အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ချက်၊ မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ မှတ်ပုံတင်သည့်အခါ ပူးတွဲတင်ပြရမည့် အချက်အလက်များ၊ မှတ်ပုံတင်သူများအနေနှင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိဖို့လိုအပ်သည့် အချက် ၇ ချက် အကြောင်း၊ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး သိလိုသည်များကို dot.ecomreg@gmail.com ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)