တောင်ဒဂုံမြို့နယ်အတွင်း သံချောင်းဈေးနှုန်းများ စုံစမ်းခြင်း

Powered by Drupal

    (၁၇.၂.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၃၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး မှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ အမှတ် (၁) ကံ့ကော် လမ်းမကြီး (၂၆) ရပ်ကွက်၊ တောင်/မြောက်လမ်းဆုံရှိ လှသုခ G / HOLLO နှင့်အိမ်ဆောက် သံထည်ပစ္စည်းရောင်းဝယ်ရေး သို့ သွားရောက်၍ သံချောင်းဈေးနှုန်းများ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုရှိ / မရှိနှင့် ဈေးနှုန်းအခြေအနေများကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆိုင်များ စစ်ဆေးရာတွင် နိုင်ငံခြားမှတင်သွင်းသည့် သံချောင်း/သံလုံးများ အများအပြား တင်သွင်းရောင်းချခြင်းမရှိကြောင်း၊ ပြည်တွင်းစက်မှုဇုန်ထုတ်ပစ္စည်းများကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် Hollow သံချောင်းများသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)