တောင်ငူမြို့တွင် ကွမ်းရွက်ဈေးနှုန်းမြင့်တက်

Powered by Drupal

    တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ သစ်သီးဝလံပန်းမန်များနှင့်အတူ ကွမ်းရွက်များကိုလည်း လာရောက်ရောင်းကြပါသည်။ ယခင်နှစ်မိုးရာသီကာလတွင် ကွမ်းနုဝါမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၅၀၀ကျပ်အထိနှင့် မုံရွာကွမ်းမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိခဲ့ပါသည်။

     ယခုအချိန်သည် ကွမ်းရွက်များကြွေပြီး ရွက်နုထွက်ချိန်ဖြစ်သဖြင့် နှစ်စဉ်အလားတူကာလများ၌ ကွမ်းရွက်ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် ကွမ်းရွက်ဈေးနှုန်းများမှာ ကွမ်းနုဝါတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိ၊ မုံရွာကွမ်းမှာ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ကျပ်၁၈၀၀၀အထိဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

      ကွမ်းသီးမှာ ရွေးကွမ်းသီးတစ်ပိဿာလျှင် အသေး ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ အကြီး ၈၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိနှင့် ကွမ်းသီးပြောင်တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိသဖြင့် ယခင်လများအတိုင်း ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)