တောင်ငူမြို့တွင် ပေါ်ဆန်းဆန်ဈေးနှုန်းအနည်းငယ်တက်ပြီး မတ်ပဲ၊ ပဲတီစိမ်းဈေးကျ

Powered by Drupal

    တောင်ငူမြို့တွင် ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်မှ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။  

      စပါးတင်း၁၀၀လျှင် ၂၄၀၀၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၄၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

      မတ်ပဲ(၃၀ပိဿာဝင်အိတ်)မှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၅၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၄၉၅၀၀ကျပ်၊  ပဲတီစိမ်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ပဲလွန်းဖြူမှာ တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)