ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင် စပါးစိုက်ဧကမှာ (၅၀၀၀-၆၀၀၀)အတွင်းသာရှိပြီး မနောသုခ၊ ဆင်းသုခမျိုးများကိုစိုက်ပျိုးကြသည်။ ဒေသထွက်စပါးများကိုကြိတ်ခွဲပြီး ဒေသအတွင်း၌ စားသုံးကြသည့်အပြင် တခြားမြို့ကြီးများမှ စပါးများကိုဝယ်ယူကြိတ်ခွဲ၍ စားသုံးရောင်းချခြင်းများလည်းပြုလုပ်ကြသည်။ စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် တင်း(၁၀၀)ကို ကျပ်(၁၈၅၀၀၀၀) ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။

     ဆန်ဈေးများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(ဒုတိယပတ်)တွင် ဆန်ဝင်ရောက်မှုမှာ ဧရာဝတီ၊ မြောင်းမြ၊ ပုသိမ်မြို့များမှ ဝင်ရောက်မှုများသောကြောင့် အောက်ဘက်ဆန်ဈေးနှုန်းများအနည်းငယ်ကျပြီး ရွှေဘို၊ စလင်း၊ ရှောက်တောဘက်မှလာသော ဆန်များမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရသည်။

    ဒေသထွက်မနောသုခနှင့် ဆင်းသုခမှာ တစ်အိတ်လျှင် ကျပ်(၉၀၀၀၀-၉၂၀၀၀)၊ ဧရာဝတီတိုင်းဘက်မှလာသော မနောသုခအုပ်စုများဖြစ်သည့် ချန်ဧရာတစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ စံပယ်ဦးတစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ စိန်စံပယ်တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ ပွင့်ဖူးသစ်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ချန်သုခ(သစ်) တစ်အိတ်လျှင် ကျပ် (၈၇၀၀၀)၊ ရွှေသမင် (သီးထပ်) တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ပခန်းသုခ(ဟ) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)ရှိပြီး၊ ဇီယာအုပ်စုဖြစ်သည့် မိုးဇီယာတစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ချမ်းငြိမ်းကျော် (ဟ)တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ တိတ်ဝမ်(သ)တစ်အိတ်လျှင် ကျပ်(၉၀၀၀၀) ဈေးရှိပါသည်။ ဧရာဝတီဘက်မှဝင်ရောက်လာသောဆန်များမှာ ရွှေဘို၊ စလင်း၊ ရှောက်တောဘက်မှလာသော ဆန်များထက် အရည်အသွေးအနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသောကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်းသိရှိရပါသည်။

  ဧရာပဒေသာအုပ်စုအနေဖြင့် စလင်းရှောက်တောမှလာသော ဝန်ကြီးပဒေသာရှယ်(သစ်)၊ အမေ့နို့ရည်(သစ်)၊ မိသားစုရှယ်(သစ်) ဆန်များမှာ ဇန်နဝါရီလကုန်ပိုင်းတွင် ကျပ်(၁၆၀၀၀၀-၁၆၅၀၀၀)မှ ယခုဖေဖေါ်ဝါရီလလယ်ပိုင်းတွင် ကျပ်(၁၇၅၀၀၀-၁၇၆၀၀၀)နှင့် ကျပ် (၁၀၀၀၀)ကျော်ဈေးနှုန်းတက်လာသည်ကိုသိရှိရသည်။ ရွှေဘိုပေါ်ဆန်းမွှေးရှယ်(သစ်) တစ်အိတ်လျှင် ကျပ် (၁၇၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ကောက်ညှင်းဆန်ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဈေးငြိမ်နေပြီး ဆန်လတ်ဈေးတစ်အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ဆန်ဝါတစ်အိတ်လျှင် ကျပ်(၆၂၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)