ဘားအံမြို့ပေါ် ဈေးကြီးများတွင်ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဖေဖော်ဝါရီလတွင် ကရင်ပြည်နယ်ဒေသထွက် ဘားအံမြို့ပေါ် ဈေးကြီးများရှိ ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျနေကြောင်း သတင်းရရှိသည်။

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်နှင့်တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောခရမ်းချဉ်သီး အလုံးအကြီး/အသေး မူတည်၍ဖြစ်ပေါ်သည့် ဈေးနှုန်းများမှာ ဖေဖော်ဝါရီ ပထမပတ် ဘားအံမြို့ မြို့မဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၈၀၀ ၊ ၁၆၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ ( ၁၂၀၀ ၊ ၁၀၀၀ ) ကျပ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ခရမ်းချဉ်သီး  အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၇၀၀ ၊ ၁၆၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ      ( ၁၂၀၀ ၊ ၁၀၀၀ ) ကျပ်၊ ဘားအံမြို့ မဲဘောင်ဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၂၂၀၀ ၊ ၂၀၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ ( ၁၇၀၀ ၊ ၁၅၀၀ ) ကျပ်တို့ဖြင့် အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သိရပါသည်။

     ယခုတတိယပတ် ဘားအံမြို့ မြို့မဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၅၀၀ ၊ ၁၂၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ ( ၁၀၀၀ ၊ ၈၀၀ ) ကျပ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ခရမ်းချဉ်သီး  အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၅၀၀ ၊ ၁၂၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ ၈၀၀ ကျပ်၊ ဘားအံမြို့ မဲဘောင်ဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀ ၊ ၁၆၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ ( ၁၂၀၀ ၊ ၁၀၀၀ ) ကျပ် တို့ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

     ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ပထမပတ်နှင့်တတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ပျိုးယာခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည် ။

DOCA(မန္တလေး)