တောင်သူအကျိုးပြုကြက်သွန်နီ

Powered by Drupal

     မိတ္ထီလာဈေးကွက်အတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းလာပါသည်။ ဟင်းခပ်အမွှေးအကြိုင်၊ အဓိကအားဖြင့် အနှစ်အနေဖြင့် အသုံးပြုသော ကြက်သွန်နီသီးနှံမှာ မြန်မာနိုင်ငံအတွင်း သာမက အိန္ဒိယအပါဝင်အရှေ့တောင်အာရှနိုင်ငံများက သုံးစွဲမှုများသောသီးနှံဖြစ်ပါသည်။ ထို့အတွက် ဒေသတွင်း ကြက်သွန်နီစိုက်တောင်သူများကလည်း ဈေးကွက်ဝယ်လိုအား အချိန်ပေါ်မူတည်၍ ထုတ်လုပ်ရောင်းချရာ ဒေသတွင်း တောင်သူများမှာလည်းအပါအဝင် ဖြစ်လာပါသည်။ ဖေဖော်ဝါရီလ၌ မိတ္ထီလာခရိုင်အတွင်း ဒေသထွက် ကြက်သွန်နီအနေဖြင့် မိုးကြက်သွန်နီမြိတ်စား(ဥသေးစိုက်)ကို စိုက်ပျိုးရောင်းချရာ အကျိုးအမြတ်များသကဲ့သို့ ဝယ်လိုအားကောင်းခြင်းမှာ အဓိကအချက်ပင်ဖြစ်ပါသည်။ ထို့အတွက်လာမည့် နှစ်များတွင်လည်း ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဟု သိရသည်။ ကြက်သွန်နီဈေးမှာ တစ်ပိဿာ လက်ကား ဈေးယခင်တစ်ပတ် (၁၅၀၀-၂၀၀၀) ကျပ်နှင့် ယခုတစ်ပတ် (၁၂၀၀-၁၈၀၀) ကျပ်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)