“နနွင်းများစတင်တူးဖော်”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက(၁၉၁၄)ဧကစိုက်ပျိုးထားရှိပြီး ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ မြစ်သားမြို့နယ်တွင် နနွင်းများ စတင်တူးဖော်လျက်ရှိပါသည် ။ နနွင်း(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၆)သိန်းဝန်းကျင်ကုန်ကျကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် လှည်း(၁၀- ၁၂)စီးခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ်တွင် နနွင်းစျေးနှုန်းအနေဖြင့် နနွင်းအစိုလှည်း (၁)စီးလျှင် (၂၂၀၀၀၀)ကျပ် ၊ နနွင်းတက်အခြောက် (၁)ပိဿာလျှင်(၃၆၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး နနွင်းမှုန့် တစ်ဘူးလျှင်(၈၀၀-၁၀၀၀)ကျပ်စျေးရှိကြောင်း ၊ ယခုနှစ်တွင် နနွင်းတက်အစို လှည်းတစ်စီးလျှင် (၃၃၀၀၀၀-၃၅၀၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ၊ နနွင်းတက် အသစ်ခြောက် (၁)ပိဿာလျှင် (၅၅၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပွဲစားများမှအခင်းထဲ အရောက်လာရောက် ဝယ်ယူလျက်ရှိပြီး လှည်း(၁)စီးလျှင် နနွင်းတက်(၂၅)တင်းခန့်ရှိကြောင်း ၊ နနွင်း(၁)စီး(၂၅)တင်းကို ရေနွေးဖျော၍ အခြောက်ခံလျှင်ပိဿာ(၆၀-၇၀)အထိထွက်ရှိကြောင်း၊ နနွင်းများ ဖြိုင်ဖြိုင်တူးဖော်ချိန်တွင် ယခုကဲ့သို့ စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း နနွင်းစိုက် တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)