မြင်းခြံခရိုင် မိုးကြက်သွန်နီဈေးနှုန်းနှင့် စီးဝင်/စီးထွက်အခြေအနေ

Powered by Drupal

    မန္တ‌လေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း မိုးကြက်သွန်နီဈေးနှုန်းမှာ အကြီးတစ်ပိဿာလျှင် ၁၇၀၀/-ကျပ်မှ ၂၀၀၀/-ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၄၀၀/-ကျပ်မှ ၁၆၀၀/-ကျပ်၊ အသေး တစ်ပိဿာလျှင် ၇၀၀/-ကျပ်မှ ၁၃၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ဈေးနှုန်းအတက်အကျမရှိဘဲ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ မြင်းခြံခရိုင်အတွင်း ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာကျေးရွာများမှ ပွဲရုံများသို့ တင်ပို့ရောင်ချမှုအနေဖြင့် ယခုတစ်ပတ်တွင် နေ့စဉ်ကုန်ချိန်ပိဿာ ၇၀၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယခင်တစ်ပတ်အတွင်းက နေ့စဉ်ကုန်ချိန်ပိဿာ ၇၉၀၀၀ ကျော် ဝင်ရောက်ခဲ့ပါသည်။ ယခုတစ်ပတ် တွင် ယခင်တစ်ပတ်ထက် ကုန်ချိန်ပိဿာ ၉၀၀၀ ကျော် လျော့နည်းခဲ့ခြင်းမှာ မိုးကြက်သွန်နီ စိုက်ပျိုးထွက်ပေါ်ချိန်(ရာသီချိန်)ကုန်ဆုံးတော့မည်ဖြစ်ပြီး မကြာမီနွေကြက်သွန်နီများ ဈေးကွက်အတွင်း ဝင်ရောက်တော့မည်ဖြစ်၍ လျော့နည်းခဲ့ခြင်းဖြစ်ပါသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့လျက်ရှိပါသည်။ သယ်ယူခနှုန်းထားများအနေဖြင့် မိုးကြက်သွန်နီ တစ်ပိဿာလျှင် မြင်းခြံ-မန္တလေး ၃၅/-ကျပ်၊ မြင်းခြံ-ရန်ကုန် ၁၃၀/-ကျပ်၊ မြင်းခြံ-နေပြည်တော် ၁၀၀/-ကျပ်၊ မြင်းခြံ-မော်လမြိုင် ၁၅၀/-ကျပ်နှုန်းများဖြင့် (၆)ဘီး/(၁၂)ဘီးကားများဖြင့် အသီးသီး တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)