၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၀၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၁၄၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၈၂၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၈၈၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ယခု ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၁၀၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၂၀၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၉၀၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၉၅၅)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၁၀၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၆၀) ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင်ကျပ်(၇၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၇၅) ယခင်အပတ်ထက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိပါသည်။

   ယခင်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တတိယအပတ်နှင့် ဖေဖော်ဝါရီ တတိယအပတ်တို့ နှိုင်းယှဉ်ကြည့်ပါက ဓါတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၂၁၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၁၆၀) ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်ကျပ်(၁၈၀) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၁၆၅) ယခင်လ တတိယပတ်နှင့် ယခုလတတိယပတ် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်လတတိယပတ်ထက် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)