တောင်ငူမြို့တွင် ပဲတီစိမ်းဈေးအနည်းငယ်ကျပြီး ပဲလွန်းဖြူဈေးအနည်းငယ်တက်

Powered by Drupal

    တောင်ငူမြို့တွင် ပေါ်ဆန်း ဆန်သစ်များဝင်ရောက်လာပြီဖြစ်ရာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင်   ၁၁၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ဖေဖော်ဝါရီလ ၊ ဒုတိယပတ်တွင် စပါးတင်း ၁၀၀ လျှင် ၂၄၀၀၀၀၀ ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်၊ ဖွဲနု တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မတ်ပဲ(၃၀ ပိဿာအိတ်)မှာ တစ်အိတ်လျှင် ၁၅၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပဲတီစိမ်းမှာ ယခင်ဖေဖော်ဝါရီ ပထမအပတ်က တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်ရှိရာမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။ ပဲလွန်းဖြူမှာ ယခင် ဖေဖော်ဝါရီ ပထမအပတ်က တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်ရှိရာမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်တွင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးတက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)