အုတ်တွင်းမြို့တွင် ကြံများခုတ်သိမ်းပြီးစီးတော့မည်

Powered by Drupal

    အုတ်တွင်းမြို့နယ် ၊ ဗောဓိကုန်းကျေးရွာတွင် သကြားစက်ရှိရာ သကြားထုတ်လုပ်နိုင်ရန် လိုအပ်သော ကြံများကို အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိပါသည်။ သက်ဆိုင်ရာဌာနများမှ ရရှိသောစာရင်းများအရ ခင်းသစ် ၃၅၀ ဧကနှင့် လမိုင်း ၂၇၀ ဧကတို့ စိုက်ပျိုးထားကြောင်း သိရပါသည်။

   စိုက်ဧကအားလုံးကို ယခုလအတွင်း ခုတ်သိမ်းပြီးစီးမည်ဖြစ်ပါသည်။ လက်ရှိခုတ်သိမ်း ပြီးစီးသမျှ တွက်ချက်ရရှိသောအထွက်နှုန်းမှာ ခင်းသစ် တစ်ဧကလျှင် ၃၃.၃၅ တန်၊ လမိုင်း တစ်ဧက လျှင် ၂၈.၈၅ တန်ရှိကြောင်း သိရပါသည်။

   ထွက်ရှိသော ကြံများကို ဗောဓိကုန်းသကြားစက်မှ ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၂၅၀၀၀ ကျပ်၊ ကွင်းဈေး ၁၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)