ဖြူးမြို့တွင် ကြက်သွန်နီနှင့် ငရုတ်သီးခြောက်ဈေးအနည်းငယ်ကျ

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

     ကြက်သွန်နီမှာ ယခင်တစ်လခန့်က တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ရှိရာမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပြီး ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ငရုတ်သီးခြောက်မှာ ယခင်တစ်လခန့်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိရှိရာမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ် အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

       ကုလားပဲခြမ်းမှာ ယခင်တစ်လခန့်က တစ်ပိဿာလျှင် ၆၁၅၀ ကျပ်ရှိရာမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့်ဈေးတက်ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        မြေပဲဆံ(အဖြူ)မှာ ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ(အနီ)မှာ ယခင် တစ်လခန့်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)